Skip to main content

Helix International School

Helixer တို့ရဲ့ Student Life

လှုပ်ရှားမှုများ

Helix International School ဟာသင်ယူခြင်းဆိုတာကို သင်ရိုးညွှန်းတမ်းနဲ့ပို့ချချက်တွေကိုပဲလေ့လာနေတာထက် ပိုပြီးသာလွန်တယ်လို့ ယုံကြည်ထားပါတယ်။ အမြဲတမ်းပြောင်းလဲနေသောကမ္ဘာကြီးရဲ့စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နိုင်ဖို့အတွက် ပညာရေးတစ်ခုတည်းသာမက အခြားသင်ရိုးပြင်ပလှုပ်ရှားမှုများကိုပါဝင်နိုင်ဖို့ အခွင့်အလမ်းများကိုဖန်တီးပေးနေတဲ့ နေရာတစ်ခုဖြစ်လာစေဖို့ သန္နိဠာန်ချထားပါတယ်။

Helix ရဲ့သင်ရိုးပြင်ပလှုပ်ရှားမှုတွေနဲ့ Helixer တွေရဲ့ဘဝကဏ္ဍပေါင်းစုံကို အောင်မြင်နိုင်ဖို့ပြင်ဆင်ပေးပါတယ်။ အရည်အချင်းပြည့်မီတဲ့နည်းပြတွေဦးဆောင်တဲ့ စကားစွမ်းရည်ပြိုင်ပွဲတွေ၊ Coding ကလပ်တွေ၊ ဗွီဒီယိုပြိုင်ပွဲတွေ၊ လေ့လာရေးခရီးစဥ်တွေကို စိတ်ဝင်စားသူတိုင်း ပါဝင်ခွင့်ရှိပါတယ်။ Helixer တွေရဲ့တခြားစိတ်ဝင်စားရာဝါသနာတွေဖြစ်တဲ့ ဘောလုံး၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ အနုပညာနှင့်ဂီတကလပ်များအပြင် ကျောင်းသားသမဂ္ဂနဲ့ မဂ္ဂဇင်းအဖွဲ့တွေကိုလည်း ပါဝင်နိုင်ဖို့ဖွဲ့စည်းထားပါတယ်။ စာကြည့်တိုက်နှင့်ဓာတ်ခွဲခန်းတွေကိုလည်း Helixer တွေရဲ့ သင်ကြားရေးကိုပြီးပြည့်စုံစေဖို့ အသုံးပြုခွင့်ပေးထားပါတယ်။

Helixer တွေအတွက် ဘက်စုံကောင်းမွန်သောပညာရေးသင်ကြားရာနေရာတစ်ခုအဖြစ်နဲ့ ကောင်းမွန်တဲ့အနာဂတ်တစ်ခုရရှိနိုင်ဖို့ အမြဲပြင်ဆင်ပေးလျှက်ရှိပါတယ်။

ဘောလုံး

ဘောလုံး

ကြက်တောင်

စားပွဲတင်တင်းနစ်

စားပွဲတင်တင်းနစ်

စစ်တုရင်

အနုပညာနှင့် ဂီတ

အနုပညာနှင့် ဂီတ